ချူလာရတ် ၉ လေဆိပ်ဆေးရုံ

ပစ်မှတ်ထားကုထုံးကင်ဆာစင်တာ

ပစ်မှတ်ထားကုထုံးကင်ဆာစင်တာ ချူလာရတ် ၉ လေဆိပ်ဆေးရုံသည် ဘက်စုံကင်ဆာ ရောဂါကုသခြင်းဝန်ဆောင်မှုကို ရောဂါကာကွယ်ခြင်း စစ်ဆေးခြင်း ဆေးကုသခြင်း ဆေးကုသမှုနောက်ဆက်တွဲအကဲဖြတ်ခြင်း ထပ်ဆင့်ဖြစ်ပွားနိုင်သောအခြေအနေ အကဲဖြတ်ခြင်းဝန်ဆောင်မှုများမှစ၍ စိတ်ပိုင်းဆိုင်ရာအခြေအနေ အဟာရအခြေအနေ ကြည့်ရှုစောင့်ရှောက်ခြင်း နာကျင်ကိုက်ခဲမှုစီမံခန့်ခွဲခြင်း ရောဂါပြန်လည်ဖြစ်ပွားမှု အနီးကပ်စောင့်ကြည့်ခြင်းဝန်ဆောင်မှုများကို ဌာနအသီးသီးမှ ကျွမ်းကျင်ဆရာဝန်များ ကင်ဆာရောဂါအထူးကု ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်အတူ ဝန်ဆောင်မှုပေးလျှက် ရှိသည်။

ကင်ဆာရောဂါကုသခြင်း

  • အသည်း အသည်းရှိကင်ဆာအသားပို ဖြတ်ထုတ်ခြင်း (Hepatectomy)
  • ရင်သားတစ်ခုလုံးဖြတ်ထုတ်ခြင်းဖြင့် ရင်သားကင်ဆာခွဲစိတ်ကုသခြင်း (Mastectomy)
  • ရင်သားဖြတ်ထုတ်ခြင်းမရှိဘဲ ရင်သားကင်ဆာခွဲစိတ်ကုသခြင်း (Breast conserving surgery)
  • ရင်သားသစ်အစားထိုးပြုပြင်ခြင်းနှင့်အတူ ရင်သားကင်ဆာခွဲစိတ်ကုသခြင်း (Breast reconstruction)
  • သားအိမ်ခေါင်းကင်ဆာခွဲစိတ်ကုသခြင်း (Radical Hysterectomy)
  • သွေးကြောမှတဆင့် ဓာတုဆေးဝါးကုထုံးနည်းဖြင့် အသည်းကင်ဆာကုသခြင်း (Transarterial chemoembolization : TACE)
  • ရေဒီယိုလှိုင်းဖြင့် အသည်းကင်ဆာကုသခြင်း (Radiofrequency ablation : RFA)
  • မိုက်ခရိုဝေ့လှိုင်းဖြင့် အသည်းကင်ဆာကုသခြင်း (Microwave Tumor Ablation)
  • ရင်သားကင်ဆာမျိုးရိုးဗီဇ (Germline Mutations in BRCA1 / BRCA2)
  • ပစ်မှတ်ထားကုထုံးအတွက် မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးခြင်း (Gene testing for Targeted therapy)
  • ပစ်မှတ်ထားကုထုံးဖြင့် ကင်ဆာရောဂါကုသခြင်း (Targeted therapy)
  • ဓာတုကုထုံးဆေးဝါးပေးခြင်း (Chemotherapy Drug Administration)
  • ပစ်မှတ်ထားကုထုံးဖြင့် ကင်ဆာရောဂါကုသခြင်း (Targeted therapy)
  • ကိုယ်ခံစွမ်းအားဆေးဝါးဖြင့် ဆေးကုသခြင်း (Immunotherapy)
  • HIFU (High intensity focused ultrasound) စက်ဖြင့် ကင်ဆာဆဲလ် ဖျက်ဆီးခြင်း
  • HIFU စက်ဖြင့် ပန်ကရိယကင်ဆာကြောင့် နာကျင်ကိုက်ခဲမှုကုသခြင်း
  • HIFU စက်ဖြင့် ခွဲစိတ်ကုသရန်မလိုအပ်ဘဲ သားအိမ်အသားပိုကုသခြင်း
  • ဟိုင်ဖူး (HIFU) နည်းပညာဖြင့် အဒီနိုမိုင်အိုစစ် (Adenomyosis) ကုသမှု အသစ်ရွေးချယ်စရာနည်းလမ်း

ကင်ဆာရောဂါစစ်ဆေးခြင်း

  • မင်မိုဂရမ် (Mammogram)
  • ပက်(ပ်)စမီးယား စစ်ဆေးခြင်း (Pep smear)
  • ဓာတ်မှန်ရောင်ခြည်နဲပါးစွာတွက်ချက်နည်းဖြင့် အဆုတ်ရောဂါစစ်ဆေးခြင်း (Low-Dose Computed Tomography : LDCT)
  • ကင်မရာထည့်သွင်း၍ အူမကြီးစစ်ဆေးခြင်း (Colonoscopy)
  • PSA (Total PSA နှင့် Free PSA) ဖြင့် ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်း

အခြားဝန်ဆောင်မှုများ

  • သွေးကြောတွင်းသို့ ဆေးနှင့်အစာအဟာရသွင်းရန် ပေါ့(ထ်) (Port-A-Cath) ထည့်သွင်းခြင်းဝန်ဆောင်မှု
  • အသားစခွဲစိတ်၍ ဓာတ်ခွဲခန်းတွင် ရောဂါစစ်ဆေးခြင်း (Surgical pathology)
  • အစာအိမ်လမ်းကြောင်းတွင် အယ်လ်ထရာဆောင်းပါ ကင်မရာထည့်၍ ပန်ကရိယခွဲစိတ်ဖြတ်ထုတ်ခြင်း
  • အသက်ရှူလမ်းကြောင်း ကင်မရာထည့်စစ်ဆေးခြင်း (Bronchoscope)
  • အစာအိမ်လမ်းကြောင်းအစပိုင်းကင်မရာထည့်စစ်ဆေးခြင်း (Esophagogastroduodenoscopy : EGD)
  • ကင်ဆာသဲလွန်စရှာဖွေစစ်ဆေးခြင်း (Tumor markers)
  • အစာအဟာရဆိုင်ရာအကြံပေးခြင်း
  • နောက်ဆုံးအဆင့်လူနာပြုစုစောင့်ရှောက်ခြင်း
  • အိမ်တိုင်ရာရောက်လူနာပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှု (Home Health Care)

Facebook Live “ ဒေါက်တာကစ်နှင့် ခွန်ဝဲ ကင်ဆာသတင်း စကားပွဲ” ကြည့်ရှုနိုင်သည်

ကြည့်ရှုနိုင်သည့်အချိန် အင်္ဂါနေ့တိုင်း အချိန် ၁၂း၃၀ – ၁၃းဝ၀ နာရီ
Facebook HIFUCHULARAT တွင် ဆုံတွေ့ကြပါစို့
Video